ပိုင်တံခွန်

မြန်မာနိုင်ငံကနာမည်ကျေော်ေမာ်ဒယ်၊သရုပ်ဆောင်တွေထဲမှာ ပိုင်တံခွန်ကတော့ ပြည်ပနိုင်ငံကပရိသတ်တွေကပါ အားပေးဝန်းရံခြင်းခံရသူပါ။ အာရှနိုင်ငံကမိန်းကလေးပရိသတ်တွေဝန်းရံအားပေးခြင်းခံရသလို ထိုင်းနိုင်ငံမှာဆိုရင်လည်းပရိသတ်တွေအခိုင်အမာရှိတဲ့အပြင် အနုပညာအလုပ်တွေလည်းလုပ်ကိုင်နေရတာပါ။နှစ်စဉ် The 100 Most Handsome Faces စာရင်းကိုထုတ်ပြန်လေ့ရှိတဲ့ TC Candlerကတော့ဒီနှစ်မှာပိုင်တံခွန်ကိုဆန်ခါတင်စာရင်းထဲမှာ ထည့်သွင်းထားတာပါ။ ဒီလိုမျိုးစာရင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးကနာမည်ကျော်တွေကိုထည့်သွင်းထားတာကြောင့် မြန်မာနိုင်ငံသားတွေအတွက်တော့ဂုဏ်ယူစရာပါ။ အခုဆိုရင်တောင်ကိုရီးယားနိုင်ငံကသတင်းမီဒီယာတစ်ခုက ပိုင်တံခွန်ရဲ့ပုံရိပ်တွေကို ရေးသားဖော်ပြလာတာပါ။မြန်မာနိုင်ငံကမော်ဒယ်လ်တစ်ဦးဖြစ်ကြောင်းနဲ့ (၁၉၉၆) ခုနှစ်ဖွားတစ်ဦးဖြစ်ကြောင်း ရေးသားထားတာပါ။ ပိုင်တံခွန်ရဲ့အမိုက်စားစတိုင်နဲ့ရုပ်ရည်ချောမောမှုတွေကတော့ မြင်သူတိုင်းကကြွေလောက်စရာလည်းဖြစ်ပါတယ်။ အခုလို တောင်ကိုရီးယားနိုင်ငံကပါသတိထားမိကာ ရေးသားဖော်ပြခံရတာကတော့ ဂုဏ်ယူစရာပါပဲနော်။credit

Design a site like this with WordPress.com
Get started