Covid 19

Your AdSense code https://pagead2.googlesyndication.com/pagead/js/adsbygoogle.js

ေဆးဝါးထုတ်လုပ်သူများသည် ကိုရိုနာဗိုင်ရပ်စ်ကို ကုသရန် ဆေးများကို အလုအယက်ရှာဖွေနေကြပြီး ယခုအခါ ကမ္ဘာတဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၇၀ ကိုဖေါ်ထုတ်နေပြီး ၎င်းတို့အနက် ၃ ခုကို လူသားများတွင် စမ်းသပ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ သိရသည်။

ကုသမှုလုပ်ငန်းစဉ်တွင် ရှေ့တန်းအရောက်ဆုံးမှာ ဟောင်ကောင်စတော့အိတ်ချိန်းစာရင်းဝင် CanSino Biologics နှင့် Beijing Institute of Biotechnology တို့က ဖေါ်ထုတ်သည့် စမ်းသပ်အဆင့် ကာကွယ်ဆေးဖြစ်ပြီး အဆင့် ၂ သို့ရောက်ရှိနေပြီဖြစ်သည်။

လူသားများတွင် စမ်းသပ်ထားသည့် အခြား ကာကွယ်ဆေး ၂ ခုမှာ အမေရိကန် ဆေးဝါးထုတ်လုပ်သူများနှင့် Inovio Pharmaceuticals တို့က သီးခြားစီ ဖေါ်ထုတ်နေသည့် ဆေးများဖြစ်ကြောင်း WHO ကပြောသည်။

ကူးစက်ရောဂါဖြစ်ပွားစေသောအရာကို ထိန်းချုပ်သည့် အစီအမံသက်သက်ဖြင့် အလုပ်ဖြစ်မည့်ပုံမရဘဲဖြစ်နေစဉ်အတွင်း ကာကွယ်ဆေးထုတ်လုပ်ခြင်းသည် မကြံဖူးသော အရှိန်အဟုန်ဖြင့်တိုးတက်နေသည်။

ကာကွယ်ဆေးကို ဈေးကွက်အတွင်းသို့ပိုဆောင်ပေးရန် ထုံးစံအားဖြင့် ၁၀ မှ ၁၅ နှစ်အထိကြာတတ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လာမည့် နှစ်အတွင်း ထုတ်လုပ်နိုင်မည်ဟု ဆေးဝါးလုပ်ငန်းများက မျှော်လင့်နေသည်။

ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ကြီးငယ်များသည် ကိုရိုနာဗိုင်းရပ်ကို အထိရောက်ဆုံး ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထုတ်လုပ်ရေး လုပ်ငန်းသို့ ခြေစုံပစ်ဝင်ရောက်လာကြသည်။ Pfizer Inc. နှင့် Sanofi တို့ကဲ့သို့သောဆေးဝါးလုပ်ငန်းကြီးများသည် ကာကွယ်ဆေးဖြစ်နိုင်ဖွယ်ရှိသည့် ဆေးများကို ကုသမှုလုပ်ငန်းစဉ် မတိုင်မီအဆင့်တွင် စမ်းသပ်နေကြောင်း WHO ၏ မှတ်တမ်းများအရ သိရသည်။

Leave a comment

Design a site like this with WordPress.com
Get started